ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ မအူပင်မြို့နယ်၊"မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ

(၆.၇.၂၀၂၆)ရက်နေ့၊(၀၇:ဝ၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ မအူပင်မြို့နယ်၊ ငါးကြီးဂရက်ကျေးရွာအုပ်စု၊ ရွာသစ်စုကျေးရွာတွင် မအူပင်မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးဝင်းရွှေမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင်ရွာသစ်စုကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး နှင့်တကွ ကျေးရွာသား(၂၇)ဦး၊ ကျေးရွာသူ(၂၂)ဦး၊ သစ်တောဝန်ထမ်း(၅)ဦး၊ စုစုပေါင်းစုစုပေါင်း(၅၄)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင်မြို့နယ်ဦးစီးဌာနမှူး ဦးဝင်းရွှေက မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းနည်းစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သစ်တောသယံဇာတများ ထိန်းသိမ်းရေး၊ ရေသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တောမီးလောင်ကျွမ်းမှု ပပျောက်ရေး၊ မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပြီး ဟောပြောပွဲတက်ရောက်သူများနှင့်အတူ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ်နေ့အဖြစ် ရွာသစ်စုကျေးရွာကုန်ထုတ်လမ်းတွင်စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ၌ သစ်တောဦးစီးဌာနမှမြို့နယ်ဦးစီးဌာနမှူး ဦးဝင်းရွှေမှ မန်ဂျန်ရှား(၂၀၀)ပင်ကို ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတန်ဂျီးအားပေးအပ်ခဲ့ပြီး စုပေါင်းစိုက်ပျိုးခဲ့ကြပါကြောင်းသတင်းရရှိသည်။

date: 
Monday, July 6, 2026 - 15:45