တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ၊ မိုးရာသီသစ်ပင်စိုက်ပျိုး၊ပြုစု၊ထိန်းသိမ်းရေး" ခေါင်းစဥ်ဖြင့်ဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးဦးလွင်ကိုဦး၊
ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ၊ ဦးစီးအရာရှိ ဦးရဲဝင်းအောင်နှင့် ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းအောင်တို့မှ(၂၄-၇-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်၌ ထားဝယ်မြို့၊အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၊ စုဝေး ခန်းမတွင် " မိုးရာသီသစ်ပင်စိုက်ပျိုး၊ပြုစု၊ထိန်းသိမ်းရေး" ခေါင်းစဥ်ဖြင့် သစ်ပင်စိုက်ပျိုးခြင်း ၏ အကျိုးကျေးဇူးများ၊ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းနည်းစနစ်များနှင့် သစ်တောများ
ထိန်းသိမ်းကာကွယ်ခြင်းစသည့်အကြောင်းအရာများကိုအထက်တန်းအဆင့်ကျောင်းသား(၁၂၆)ဦး၊ ကျောင်းသူ(၁၉၈)ဦး၊ ဆရာမ(၆)ဦး၊ စုစုပေါင်း (၃၃၀)ဦးတို့အား အသိပညာပေး ဟောပြောခြင်း၊ သိရှိလိုသည်များ ပြန်လည်ဖြေကြားခြင်းဆောင်ရွက်ခဲ့ပြီး တက်ရောက်သူ များသို့ စာရေးဘောပင်များ ပေးအပ်ခဲ့ပါကြောင်းနှင့် ဟောပြောပွဲပြီးစီးပြီး (၁၁:၃၀)နာရီ အချိန်၌ ကျောင်းဝန်းအတွင်း ခရေ၊ ရေတမာ၊ ဗန်ဒါ (၅၀)ပင်တို့အား သစ်တောဝန်ထမ်းများမှ
ကျောင်းသား/သူ၊ ဆရာမများကို သစ်ပင်စိုက်ပျိုးမှုနည်းစနစ်များ ရှင်းလင်းပြောကြား၍ ပူးပေါင်းစိုက်ပျိုးဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Thursday, July 25, 2024 - 14:45