ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ရေကြည်မြို့နယ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

(၆.၇.၂၀၂၆)ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ရေကြည်မြို့၊ အ.ထ.က(မြို့မ)၊ ခန်းမဆောင်တွင် ရေကြည်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထူးနိုင် မှ *မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ* ကို ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း(၇)ဦး၊ ဆရာ၊ဆရာမ (၇)ဦး၊ ကျောင်းသား (၇၀)ဦး၊ ကျောင်းသူ (၇၅)ဦး၊ စုစုပေါင်း (၁၅၉)ဦး တက်ရောက်ခဲ့ပါသည်။(ကျား - ၇၉ ဦး၊ မ - ၈၀ ဦး) အဆိုပါ အခမ်းအနားတွင် ဦးစီးအရာရှိ ဦးတင်ထူးနိုင် မှ မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝမှုအခြေအနေ၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ ဖွဲ့စည်းတည်ထောင်ထားမှုအခြေအနေ၊ သစ်တော ဖုံးလွှမ်းမှု အခြေအနေ၊ သစ်တောပြုန်းတီးမှုကို ဖြစ်ပေါ်စေသည့်အကြောင်း အရင်းများ၊ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ အကြောင်းအရာများ၊ သစ်တောမြေပြင်ပ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ ပတ်ဝန်ကျင်ဆိုင်ရာ ပြဿနာများ နှင့် ဖြေရှင်းရမည့် နည်းလမ်းများ၊ ရေကြည်မြို့နယ်မှ ဆောင်ရွက်လျှက်ရှိသည့် ပြည်သူလူထု ပူးပေါင်းပါဝင်သည့် သစ်တော သစ်ပင်စိုက်ပျိုး ထိန်းသိမ်းရေး လုပ်ငန်းများ စသည့် အကြောင်းအရာများကို အသိပညာပေး ဟောပြော ခဲ့ပါကြောင်း နှင့် ဆွေးနွေး မေးမြန်းချက်များကိုလည်း ပြန်လည် ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ အ.ထ.က(မြို့မ) ကျောင်းအုပ်ဆရာကြီး ဦးဇေညီ ချမ်းမြေ့ဝင်း ထံ သစ်တောကြေးမုံဂျာနယ်များအား အမှတ်တရ လက်ဆောင် ပေးအပ်ခြင်း နှင့် တက်ရောက် လာသည့် ကျောင်းသူ/ကျောင်းသားများအား ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ကံ့ကော်စသည့် ပျိုးပင်များ အမှတ်တရ ဖြန့်ဝေ ပေးအပ်ခဲ့ပါကြောင်း

date: 
Monday, July 6, 2026 - 16:00