မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မင်းရွာကျေးရွာ၊ အားကစားဥယျာဉ်ဝင်းအတွင်း“၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အကြိုအထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲ”အားကျင်းပ

မော်လမြိုင်မြို့နယ်၊ မင်းရွာကျေးရွာ၊ အားကစားဥယျာဉ်ဝင်းအတွင်း“၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အကြိုအထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲ”အား ၁-၇-၂၀၂၆ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက်(၇:၃၀) နာရီတွင်ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး၊ ပြည်နယ်လက်ထောက်ညွှန်ကြားရေးမှူး၊ မော်လမြိုင်မြို့နယ် ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံပြည်သူများ စုစုပေါင်း အင်အား(၈၆၇)ဦးခန့် တက်ရောက်ခဲ့ကြပြီး မန်ဂျန်ရှားနှင့် မဟော်ဂနီသစ်မျိုး(၂)မျိုးဖြင့် စုစုပေါင်း ပင်ရေ(၁၁၂၀)ပင်အားစိုက်ပျိုးခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Tuesday, July 7, 2026 - 13:15