မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ သစ်တောဦးဌာန၊ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင် စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲအားကျင်းပ

(၂၅.၇.၂၀၂၄)ရက်နေ့၊ (၉:၃၀)နာရီအချိန်တွင် မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ သစ်တောဦးဌာန၊ လက်ထောက်ညွှန်ရေးမှူးမှ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင် စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေးအသိပညာပေး ဟောပြောပွဲအား မင်းဘူးမြို့ အထက(၂) အခြေခံပညာအထက်တန်းကျောင်တွင် ကျင်းပခဲ့ရာ ကျောင်အုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၅၆)ဦး တက်ရောက်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ပေးအပ်ခြင်း၊ လမ်းဘေးဝဲယာစိမ်းစိုပြည်ရေးစိုက်ခင်းများ အားကွင်းဆင်းပြသရှင်းလင်းခြင်း များပြုလုပ်ခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Friday, July 26, 2024 - 16:00