၂၉-၆-၂၀၂၆ ရက်နေ့မှ ၅-၇-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိ

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၁.၅၈၅၆)တန်၊ သစ်မာ (၁၃.၇၂၃၀)တန်၊ အခြား (၃၄.၈၃၆၆)တန်၊ စုစုပေါင်း(၈၀.၁၄၅၂)တန်၊ ယာဉ်/ယန္တရား (၁)စီး၊ တရားခံ (၃)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၅-၇-၂၀၂၆ ရက်နေ့တွင် ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်ဘိနယ်၊ ပန်ဟိုက်ကျေးရွာအနီးမှ တရားမဝင် ကျွန်း/အင်ကြင်း/အင်/ထောက်ကြံ့ သစ်လုံး/ခွဲသား စုစုပေါင်း (၂၇၂)လုံး/ချောင်း(၄၂.၉၅၆၆)တန်၊ ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Tuesday, July 7, 2026 - 16:00