ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
(၈-၇-၂၀၂၆)ရက်နေ့(၁၀:၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ မြန်အောင်မြို့နယ်မှ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(မြေပြာ၊ သရက်ကုန်း)၌ “မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပခဲ့ရာ အထက(ခွဲ)(မြေပြာ၊ သရက်ကုန်း)မှ ကျောင်းအုပ်ဆရာမကြီးပါ ဆရာမ(၁၄)ဦး၊ ကျောင်းသား(၁၆၉)ဦး၊ ကျောင်းသူ(၁၇၁)ဦး၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်ကျား(၅)ဦး၊ ဒေသခံပြည်သူကျား(၁၀)ဦးနှင့် သစ်တောဝန်ထမ်း(၄)ဦး စုစုပေါင်း(၃၇၃)ဦး [ကျား - ၁၈၈ ဦး၊ မ - ၁၈၅ ဦး]တက်ရောက်ခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင် တောအုပ်ကြီး ဦးကျော်ဇင်ထိုက်က*သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေးနည်းစနစ်များ၊ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများ၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများနှင့် ဖြေရှင်းရမည့်နည်းလမ်းများ၊တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့် တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေး*တို့အား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး သိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ အထက(ခွဲ)(မြေပြာ၊ သရက်ကုန်း)ကျောင်းဝင်းအတွင်း ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်အတူ စိန်ပန်း(၈၅)ပင်၊ မန်ဂျန်ရှား(၈၅)ပင်နှင့် ခရေ(၁၅)ပင် အား သရုပ်ပြစုပေါင်းစိုက်ပျိုးခဲ့ပါကြောင်း သတင်းရရှိသည်။



