တနင်္သာရီတိုင်းဒေသကြီး၊သစ်တောဦးစီးဌာန၊မြိတ်ခရိုင်၊မြိတ်မြို့နယ်၊သစ်တောဦးစီဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊မြိတ်မြို့မြို့နယ်၊သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို(၆.၇.၂၀၂၆) ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန် ၌ မြိတ်မြို့နယ်၊ ဇေယျာသီရိ( ၂)ရပ်ကွက်၊အ.ထ.က(၆)အုန်းတောကျောင်း တွင်ကျင်းပဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်းများ၊မြို့နယ်လက် ထောက်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ ၊ကျား(၇၈)ဦး၊မ(၇၇)ဦး၊ စုစုပေါင်း(၁၅၅)ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မြိတ်မြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုမှ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်း အရာများအား တက်ရောက်လာသူများကို အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ တောအုပ်ကြီး ဦးကျော်မြင့်ထွန်းမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောပို့ချပြီးတက်ရောက်လာသူများအား သစ်ပင်စိုက်ပျိုး၊ပြုစု ခြင်းလက်ကမ်းစာ စောင်များအားဖြန့်ဝေပေးပြီး ကျောင်းဝင်းအတွင်း ထိုင်ဝမ်ဗန်ဒါနှင့်မာတာကွတ် ပျိုးပင်များအားသရုပ်ပြစိုက်ပျိုး ပြသခဲ့ပါကြောင်းသတင်းရရှိသည်။




