ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်မှ "မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်သစ်တောဦးစီးဌာနမှအစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီ "မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"အခမ်းအနားကို( ၆.၇.၂၀၂၆ )ရက်နေ့၊( ၁၄:၃၀)နာရီအချိန်တွင် လက်ပံတန်းမြို့နယ်၊ ကျေးနီ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာကြီးပါ ဆရာ(၂) ဦး၊ ဆရာမ(၃)ဦး၊ ကျောင်းသား(၃၈) ဦး၊ ကျောင်းသူ(၄၈)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၅ )ဦး၊ စုစုပေါင်း(၉၆ )ဦးတို့တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တောအုပ်ကြီး ဦးအေးကျော် မှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တောဦးစီးဌာနမှ မိုးရာသီတွင် ပျိုးပင်များအားအခမဲ့ ဖြန့်ဝေပေးနေမှု အခြေအနေ၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအားဆွေးနွေးဟောပြောခဲ့ပြီး၊ တောအုပ်ကြီး ဦးရဲနောင်သွင်မှ ဇီဝမျိုးစုံမျိုးကွဲများအကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းအရာများတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။



