ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ရေကြည်မြို့နယ်၊ကျုံပျော်မြို့၊မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

(၇.၇.၂၀၂၆)ရက်နေ့၊နံနက် (၀၉:၃၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကျုံပျော်မြို့၊ အ.ထ.က(၂)၊ကျောင်း ခန်းမဆောင်တွင် ရေကြည်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးပိုင်မင်းဝေမှ*မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ*ကို ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း(၄)ဦး၊ ဆရာ၊ဆရာမ (၆)ဦး၊ ကျောင်းသား (၁၄၉)ဦး၊ ကျောင်းသူ (၁၄၄)ဦး၊ စုစုပေါင်း(၃၀၃)ဦး တက်ရောက်ခဲ့ပါသည်။(ကျား - ၁၅၃ဦး၊ မ - ၁၅၀ ဦး)အဆိုပါအခမ်းအနားတွင် တောအုပ်ကြီး ဦးပိုင်မင်းဝေမှ မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝမှုအခြေအနေ၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ ဖွဲ့စည်းတည်ထောင်ထားမှုအခြေအနေ၊ သစ်တောဖုံးလွှမ်းမှုအခြေအနေ၊ သစ်တောပြုန်းတီးမှုကို ဖြစ်ပေါ်စေသည့်အကြောင်း အရင်းများ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကြောင်းအရာများ၊ သစ်တောမြေပြင်ပ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ နှင့် ဖြေရှင်းရမည့် နည်းလမ်းများ၊ ရေကြည်မြို့နယ်မှ ဆောင်ရွက်လျှက်ရှိသည့် ပြည်သူ လူထု ပူးပေါင်းပါဝင်သည့် သစ်တော သစ်ပင်စိုက်ပျိုး ထိန်းသိမ်းရေး လုပ်ငန်းများ၊ သစ်မျိုးများအလိုက်အသုံးဝင်ပုံများ စသည့်အကြောင်း အရာများကိုအသိပညာပေးဟောပြောခဲ့ပြီး Climate Change Video Clip ပြသခဲ့ပါကြောင်း နှင့် ဆွေးနွေး မေးမြန်းချက်များကိုလည်း ပြန်လည် ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ဆက်လက်၍ သစ်ပင်စိုက်ပျိုးနည်းစနစ်များအကြောင်း လက်တွေ့ပြသခြင်းနှင့်အတူ ကျောင်းသား/ကျောင်းသူများကို ကျွန်း၊ ပျဥ်းကတိုး၊ မဟော်ဂနီစသည့် ပျိုးပင်များဖြန့်ဝေပေးအပ်ခဲ့ပြီး ကျောင်းဝန်းအတွင်းစုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Friday, July 10, 2026 - 15:00