သံဖြူဇရပ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ “ပြည်သူလူထုပူးပေါင်းပါဝင်သောသစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပ

သံဖြူဇရပ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ “ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပခြင်း ၇-၇-၂၀၂၆ရက်နေ့၊ နေ့လည်(၁:၀၀)နာရီအချိန် သံဖြူဇရပ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခန်းမတွင် ပြည်သူလူထုပူးပေါင်းပါဝင်သောသစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာအသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်သောင်းနှင့် ဆရာ/ဆရာမများ၊ကျောင်းသား/ ကျောင်းသူများ၊ သစ်တော ဝန်ထမ်းများကျား(၁၂၂)ဦး၊ မ(၁၂၈)ဦး၊စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ကြပြီး သံဖြူဇရပ်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲဝင်းမှ ပြည်သူလူထုပူးပေါင်းပါဝင်သောသစ်ပင်စိုက်ပျိုးခြင်းခေါင်းစဉ်ဖြင့်ဆွေးနွေးဟောပြောခြင်း၊ ဆွေးနွေးမေးမြန်းမှုကိုဖြေကြားခြင်း ကျွန်း(၇)ပင်၊ မဟော်ဂနီ(၇)ပင်၊ ပေါင်း(၁၄)ပင်အား ကျောင်းဝင်းအတွင်းလက်တွေ့သရုပ်ပြစိုက်ပျိုးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Friday, July 10, 2026 - 15:15