မိုင်းပန်မြို့နယ်၊ သစ်တောဦးစီးဌာန ကျောင်းတွင်သဘာပတ်ဝန်းကျင်ထိန်းသိမ်း ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသစ်ပင်စိုက်ပျိုးခြင်းအားကျင်းပ

(၂၇.၇.၂၀၂၄)ရက်နေ့တွင် မိုင်းပန်မြို့နယ်၊ သစ်တောဦးစီးဌာနအနေဖြင့် ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်းနှင့် အသိပညာပေးဆွေးနွေး ခြင်း အစီအစဥ်အရ မိုင်းပန်မြို့၊ အ.ထ.က မိုင်းပန် ကျောင်းတွင်သဘာပတ်ဝန်းကျင်ထိန်းသိမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ သစ်ပင်စိုက်ပျိုးခြင်းအား ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကျောင်းသား/ကျောင်းသူ(၁၁၀)ဦး၊ ဆရာ/ဆရာမ (၁၀)ဦး၊ ကျောင်းကော်မတီ ရပ်မိ/ဖ(၂)ဦး စုစုပေါင်း(၁၂၂)ဦး တက်ရောက်ပြီး လင်းခေးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးဦးသန်းနိုင်မှ သစ်တောနှင့် ရာသီဥတု ပြောင်းလဲမှု ခေါင်းစဉ် ဖြင့် လည်းကောင်း၊ မိုင်းပန်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မျိုးနိုင်မှ ဇီဝမျိုးစုံမျိုးကွဲများ၊ ရေဝေရေလဲထိန်သိမ်းရေးလုပ်ငန်းများ၊ သစ်တောသစ်ပင်များ၏ အကျိုး ကျေးဇူးများကို ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ နှင့်အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ပြီးနောက် တက်ရောက်လာသည့်ကျောင်းသား၊သူများနှင့်ဆရာဆရာမများအား သစ်ပင် စိုက်ပျိုးမှု အားသရုပ်ပြရှင်းလင်းခဲ့ပြီး ကျောင်းဝန်းအတွင်းကျောင်းသား၊ သူများနှင့်စုပေါင်းပြီး ကံ့ကော်(၄၀)ပင်၊ ခရေ(၃၀)ပင်၊မဟော်ဂနီ ၂၀ ပင်၊ စွယ်တော်၁၀ပင်၊ စိန်ပန်းနီ၂၀၊ ပေါက်ပန်းဖြူ (၁၀)ပင်၊ သရက်(၁၀)ပင်၊ တမာ(၂၀)ပင်စုစုပေါင်း (၁၆၀)ပင်အား စိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Monday, July 29, 2024 - 14:15