ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်မှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"အခမ်းအနားကို( ၇.၇.၂၀၂၆ )ရက်နေ့၊နံနက်( ၁၀:၃၀)နာရီအချိန်တွင် ကျောက်တံခါးမြို့နယ်၊ ဖြူးစု၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာကြီးပါ ဆရာ(၃)ဦး၊ ဆရာမ(၂)ဦး၊ Grade(12)အဆင့် ကျောင်းသား(၄၀)ဦး၊ ကျောင်းသူ (၈၀) ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း( ၂)ဦး၊ စုစုပေါင်း(၁၂၇)ဦးတို့တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင်တောအုပ်ကြီး ဦးရှင်းသန့်နိုင်မှ မိုးရာသီသစ်ပင်စိုက်ပျိုးရေးခေါင်းစဉ်နှင့် စပ်လျဉ်း၍ သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ၊ သစ်တောခေါင်းစဉ်နှင့် စပ်လျဉ်း၍ သစ်ပင်သစ်တောများ၏ အရေးပါပုံနှင့် သစ်တောဦးစီးဌာနမှ မိုးရာသီတွင်ပျိုးပင်များအားအခမဲ့ ဖြန့်ဝေပေးနေမှု အခြေအနေ၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ဇီဝမျိုးစုံမျိုးကွဲများခေါင်းစဉ်နှင့်စပ်လျဉ်း၍ ဇီဝမျိုးစိတ်တို့ ၏ သဘောသဘာဝများနှင့်သစ်တောစပ်ဆက်နေသောအကြောင်းအရာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာခေါင်းစဉ်နှင့် စပ်လျဉ်း၍ ကမ္ဘာရာသီဥတု ပြောင်းလဲလာရသည့် အကြောင်းအရာများနှင့် ပလပ်စတစ်လျော့ချသုံးစွဲစေရေး အကြောင်းအရာများတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Friday, July 10, 2026 - 15:15