၂၂-၇-၂၀၂၄ ရက်နေ့မှ ၂၈-၇-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၂.၉၃၃၈)တန်၊ သစ်မာ (၈.၈၈၃၆)တန်၊ အခြား (၂၂.၁၇၆၄)တန်၊ စုစုပေါင်း (၆၃.၉၉၃၈)တန်၊ ယာဉ်/ ယန္တရား (၉)စီး၊ တရားခံ (၂)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၅-၇-၂၀၂၄ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဇီးတောဘိနယ်၊ သဲဖြူကျေးရွာ ရေဆိပ်အနီး ဝန်းကျင်/ ပဲခူးမြစ်လက်တက်၊ ရုံးချောင်းအနီးဝန်းကျင်နှင့် ဇောင်းတူ(၃)ဘိနယ်၊ အိုင်ကြီးဒေါင့်‌ကျေးရွာ၊ ရေဆိပ်အနီးဝန်းကျင်နေရာတို့မှ တရားမဝင် ကျွန်းခွဲသား/ တံခါးရွက်ဆိုဒ်စုံ စုစုပေါင်း (၃၄၂)ချောင်း/ချပ် (၁၄.၀၅၃၄)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Thursday, August 1, 2024 - 11:30