ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောကျေးရွာ၊ ကျိုက်စကော အ.ထ.က(၂)အထက်ကျောင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောကျေးရွာ၊ ကျိုက်စကော အ.ထ.က (၂)အထက်ကျောင်း၌ မိုးယွန်းကြီး အင်းဘေးမဲ့တော ဝန်းကျင်သားငှက်ဝန်းထမ်းများနှင့် ဒိုက်ဦးမြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများမှ ပူးပေါင်းကျင်းပဆောင်ရွက်ခဲ့သော မိုးယွန်းကြီးအင်းသမိုင်းနှင့် ရေအရသွေးတိုင်းတာခြင်း၊ CEPA လုပ်ငန်းစဥ်များ၊ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို (၈.၇.၂၀၂၆ )ရက်နေ့၊ မနက်(၉:၀၀)နာရီအချိန်တွင် ကျောင်းအုပ််ဆရာမကြီး(၁) ဦး၊ ဆရာ/ဆရာမ(၃+၈)ဦး၊ ကျောင်းသား/သူ (၉၀+၁၀၆)ဦးနှင့် သစ်တောဦးစီးဌာနမှဝန်ထမ်း(၉)ဦး၊ စုစုပေါင်း (၂၂၆)ဦးတို့တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင်မိုးယွန်းကြီးအင်း ဝန်းကျင်သားငှက်မှတောအုပ် ကြီးဇော်မင်းမှ မုိးယွန်းကြီးအင်းနှင့်သက်ဆိုင်သောအကြောင်းအရာများဟောပြောခြင်း*ဒိုက်ဦးမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးလွင်မိုးအောင်မှမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊မိုးရာသီတွင်ပျိုးပင်များအားအခမဲ့ဖြန့်ဝေပေးနေမှု အခြေအနေ၊ သစ်တောဦးစီးဌာနမှဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ဇီဝမျိုးစုံမျိုးကွဲများအကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းအရာများကို ဟောပြောခြင်း၊မိုးယွင်းကြီးအင်းဘေးမဲ့တော ဝန်းကျင်သားငှက်မှ တောအုပ်ကြီး တင်မို့မို့လွင်မှ ရေအတန်းအစား တိုင်းတာခြင်းနှင့် CEPAနှင့်ပတ်သတ်သည့်အကြောင်းအရာများရှင်းလင်းဟောပြောခြင်း၊မိုးယွင်းကြီးအင်းဘေးမဲ့တော ဝန်ကျင်သားငှက်မှ တောအုပ်ကြီး ဦးကျော်ဇင်အောင်နှင့် ဒိိုက်ဦးမြို့နယ်မှ တောအုပ်ဦးအေးမြင့်တို့မှ တက်ရောက်လာသူများထံသို့ ဟောပြောပွဲအကြောင်းရာနှင့်စပ်လျဥ်းသောမေးခွန်းများမေးခြင်းဆုများချီးမြှင့်ခြင်းတို့ပြုလုပ်ပြီး သိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။





