စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ အ.လ.က(၃)ဟုမ္မလင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျငထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ အ.လ.က (၃)ဟုမ္မလင်း၌ (၉.၇.၂၀၂၆) ရက်နေ့၊ (၁၄:၃၀)နာရီ အချိန်တွင်“မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပခဲ့ရာ ကျောင်းသား/ကျောင်သူ(၂၃၃)ဦးနှင့် ဆရာ/ဆရာမ(၅)ဦး၊ မြို့နယ်သစ်တောဝန်ထမ်း(၆)ဦး၊ စုစုပေါင်း(၂၄၄)ဦး တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီးနောက်ဆွေးနွေးဟောပြောပွဲတွင် ဦးကျော်မြိုင်၊ တောအုပ်ကြီး မှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအားဆောင်ရွက်ရသည့် အခြေခံအကြောင်းအရင်းများ၊ သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အသေးစိပ် ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ ဦးဇေယျာ၊ တောအုပ်ကြီးမှ သားငှက်တိရစ္ဆာန်နှင့် ဇီဝမျိုးစုံမျိုးကွဲများ၏ အရေးပါမှု နှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာများအား အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။


