မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင်၊ ကံမမြို့နယ်၊သစ်တောဦးစီးဌာနမှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး ၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး"ဆိုင်ရာ သိပညာပေးဟောပြောပွဲကျင်းပ
ကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊သစ်တောဦးစီးဌာနမှ(၉-၇-၂၀၂၆)ရက်နေ့(၁၄:၀၀)နာရီအချိန် ကံမမြို့၊"မျိုးရာဇာ"ကိုယ်ပိုင်ကျောင်းတွင်"မိုးရာသီသစ်ပင်စိုက်ပျိုးရေး ၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲ နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး"ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကံမမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ ဦးထွန်းနိုင်သန်း (တောအုပ်ကြီး)က သစ်တောသစ်ပင်များ၏အရေးပါပုံ၊သစ်ပင်များစိုက်ပျိုးခြင်းဖြင့်ရရှိသောအကျိုးကျေးဇူးများ၊သစ်ပင်များမှလူသားနှင့်ပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှုများ၊သစ်တောသစ်ပင်များတည်ရှိခြင်းဖြင့်ရရှိသောအကျိုးကျေးဇူးများ၊သစ်ပင်များမှမြေဆီလွှာအပေါ်အကျိုးပြုပုံများကိုအသိပညာပေးဟောပြောပြီး ဦးကျော်ထက်နိုင်(တောအုပ်ကြီး)ကဇီဝမျိုးစုံမျိုးကွဲများအကြောင်းသိကောင်းစရာများ၊သစ်တောများပြုန်းတီးမှုကြောင့်ယခုလက်ရှိတွေ့ကြုံနေရသည့်ဆိုးကျိုးများနှင့်သဘာဝပတ်ဝန်းကျင်နှင့်ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးအတွက် သစ်ပင်သစ်တောများစိုက်ပျိုးပြုစုထိန်းသိမ်းကြရန်လိုအပ်ကြောင်း၊စာသင်ကျောင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရန် ကျောင်းသား၊ကျောင်းသူများမှ ကိုယ်တိုင်ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန်ဟောပြောဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသော ကျောင်းသား/သူများမှ သိလိုသည်များ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားပြီးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။ဟောပြောပွဲသို့ ကံမမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှဝန်ထမ်း(၃)ဦး၊နှင့်"မျိုးရာဇာ"ကိုယ်ပိုင်ကျောင်းမှကျောင်းသား/ကျောင်းသူ ဆရာ/ဆရာမကျား( ၂၇)ဦး၊ မ(၄၅)ဦး စုစုပေါင်း (၇၂ )ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။


