ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာန က ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို(၃၁-၇-၂၀၂၄)ရက်နေ့၊ နံနက်(၈:၀၀)နာရီ အချိန်တွင် တိုက်ကြီးမြို့နယ်၊ မလေးရှားဝိုင်ကျေးရွာအုပ်စု၊ မေတ္တာအေးကျေးရွာ၊ တောင်လှိုင် ရိုးမကြိုးဝိုင်း၊ အကွက်အမှတ်(၁၃)အတွင်း၌ ကျင်းပရာ သစ်ပင်စိုက်ပျိုးပွဲသို့ တိုက်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာန ဆိုင်ရာအကြီးအကဲများ၊မြို့ နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှုးများနှင့်ကျေးရွာဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၅၀)ဦးခန့် တက်ရောက်ပြီး ပျဉ်းကတိုး(၂၀၀)ပင်၊ မဟော်ဂနီ(၂၀၀)ပင်နှင့် မန်ဂျန်ရှား (၂၀၀)ပင် သစ်မျိုး(၃)မျိုး၊ ပျိုးပင်စုစုပေါင်း (၆၀၀)ပင် စိုက်ပျိုးခဲ့ပါ‌ကြောင်း သိရှိရပါသည်။

date: 
Thursday, August 1, 2024 - 13:45