ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင်၊ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင်၊ အ.ထ.က ထန်းတပင်မြို့မှ ကျောင်းသား/သူများအား (၁၀.၇.၂၀၂၆)ရက်နေ့၊ (၁၀:၀၀)နာရီ အချိန်တွင် “မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပခဲ့ရာ ထန်းတပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးပါ သစ်တောဝန်ထမ်း(၁၄)ဦး၊ မြို့နယ်အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးကော်မတီမှ (၁)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ ဆက်ဆံရေးဦးစီးဌာမှ ဦးစီးအရာရှိ၊ မြို့နယ်ပညာရေးမှူးနှင့် အ.ထ.ကကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်းအမျိုးသား(၆၄)ဦး၊ အမျိုးသမီး(၆၄)ဦး၊ စုစုပေါင်း(၁၂၈)ဦးတို့ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန၊ ထန်းတပင်မြို့နယ်၊ မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းမှ သစ်တောသစ်ပင်များအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များအကြောင်း၊ သစ်တော များကပေးစွမ်းနိုင်သည့် ဂေဟစနစ်ဆိုင်ရာအကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးတွင် သစ်တောသစ်ပင်များ၏အရေးပါမှု၊ မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်သစ်တောများထိန်းသိမ်းရေး၊ သစ်ပင်များထပ်မံ စိုက်ပျိုးကြစေရေးအကြောင်းနှင့် သစ်တောမှပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ အကြောင်းတို့ကို တက်ရောက် လာကြသည့် ကျောင်းသား/သူကိုအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Friday, July 10, 2026 - 20:00