ချင်းပြည်နယ်၊ဟားခါးမြို့၊(အ.ထ.က-၄)အခြေခံပညာအထက်တန်းကျောင်း၌တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ သစ်တောသစ်ပင်ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ချင်းပြည်နယ်၊ဟားခါးမြို့၊(အ.ထ.က-၄)အခြေခံပညာအထက်တန်းကျောင်း၌ (၁၀.၇.၂၀၂၆)ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးရေး ၊သစ်တောသစ်ပင်ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ရာအ.က.က(၄)မှကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ဆရာမ(၇)ဦး၊ သစ်တောဝန်ထမ်း(၁၁)ဦး၊ကျောင်းသား(၆၇)ဦး၊ကျောင်းသူ(၆၅)ဦး စုစုပေါင်း (၁၅၀)ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ချင်းပြည်နယ်၊ သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဝင်းထွန်းနိုင်က မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်​တောသစ်ပင်၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး ဟားခါးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှတောအုပ်ဦးဇမ်ရှင်းခိုင်မှ သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေးအကြောင်းအသေးစိပ်ရှင်းလင်းခဲ့ကြပြီး ကျောင်းသူ/ကျောင်သားများမှ သိရှိလိုသည်များမေးမြန်းခြင်းတို့အား ပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Friday, July 10, 2026 - 20:15