ဒုတိယနှစ်(၃၀)၊ ပထမ(၁၀)နှစ်၏ ၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၅-၂၀၃၆ ခုနှစ်အထိ ရေးဆွဲမည့် ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းရေးဆွဲရေး (Management plan formulation Core unit)အဖွဲ့၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
(၅-၈-၂၀၂၄)ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းရေးဆွဲရေးပင်မအဖွဲ့၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။အဆိုပါအစည်းအဝေးတွင် ဦးဇော်မင်းထွဋ် (ဒုတိယညွှန်ကြားရေးမှူး)၊ သစ်တောဦးစီးဌာနမှ သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းရေးဆွဲမည့် အကြောင်းအရာများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့မှုအပေါ် တက်ရောက်လာသူများ၏ အကြံပြုချက်များနှင့် မေးမြန်းဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။အစည်းအဝေးသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ညွှန်ကြားရေးမှူးများ၊ သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းရေးဆွဲရေးပင်မအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။