သထုံမြို့၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ

(၁၃-၇-၂၀၂၆)ရက်နေ့(၁၀:၀၀)နာရီ ၌သထုံမြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင်သထုံမြို့ နယ်သစ်တောဦးစီးဌာနမှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာအသိပညာပေးဟော ပြောပွဲ"ကျင်းပပြုလုပ်ခဲ့ရာဟောပြောပွဲအခမ်းအနားသို့အမှတ် (၃)အခြေခံပညာအထက်တန်း ကျောင်းမှကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ကျောင်း သား/ကျောင်းသူများ၊သထုံမြို့နယ် သစ်တောဦးစီးဌာနမှဝန် ထမ်းများကျား(၅၆)ဦး၊မ(၆၇) ဦး၊စုစုပေါင်း (၁၂၃)ဦးတက်ရောက်ခဲ့ပြီးဟော ပြောပွဲအခမ်းအနားတွင်သထုံမြို့ နယ်သစ်တောဦးစီးဌာနဦးစီးအရာရှိဦးတင်ထွန်းမှ"မိုးရာသီသစ်ပင် စိုက် ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင် ရာအသိပညာဟောပြောခြင်း"အနေ ဖြင့်ရာသီဥတုပြောင်းလဲမှုလျှော့ချရေးတွင်သစ်ပင်သစ်တောများ၏ အရေးပါမှု၊သစ်ပင်စိုက်ပျိုးခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများ ၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအခြေအနေများအားပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များအားဖြန့် ဝေပေးအပ်ခြင်းနှင့်သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာပညာပေးဗွီဒီယိုမှတ်တမ်းပြသခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Thursday, July 16, 2026 - 10:30