ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဟိုပုံးမြို့နယ်၊သစ်တောဉီးစီးဌာနမှ''မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ''ကျင်းပ

(၁၄.၇.၂၀၂၆)ရက်နေ့၊(၁၀:၀၀)နာရီအချိန်တွင် ဟိုပုံးမြို့နယ်၊ သစ်တောဉီးစီးဌာနမှ ထူးမြတ်အိမ်ကိုယ်ပိုင်အထက်တန်းကျောင်း၊ ဟိုပုံးမြို့၊ စာသင်ခန်းမ၌" မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးခြင်းဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီးဟောပြောပွဲသို့ ကျောင်းသား(၇၄)ဦး၊ ကျောင်းသူ(၇၀)ဦး၊ ဆရာ(၆)ဦး၊ ဆရာမ(၁၉)ဦးနှင့်သစ်တောဝန်ထမ်းကျား(၅)ဦး၊ စုစုပေါင်း(၁၇၄)ဦး တက်ရောက်ခဲ့၍ အဆိုပါဟောပြောပွဲတွင်ဟိုပုံးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်လှိုင်ဆွေမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တောဇီဝမျိုးစုံ မျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ခေါင်းစဥ်ဖြင့် လည်းကောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ-ဦးကျော်မင်းဦးက ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ခေါင်းစဉ်များဖြင့်လည်းကောင်းဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Thursday, July 16, 2026 - 10:30