လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ သစ်တောဦးစီးဌာနမှူးရုံးမှ အမှတ်(၃)အခြေခံပညာအလယ္တန်းကျောင်း၊ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲကျင်းပ

လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ သစ်တောဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးနိုင်လွင် ပါ သစ်တောဝန်ထမ်း(၃)ဦးအဖွဲ့သည် လွိုင်ကော်မြို့နယ်၊ အမှတ်(၃)အခြေခံပညာအလယ္တန်းကျောင်း၊ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲအား(၁၄.၇.၂၀၂၆)ရက်နေ့၊(၁၄:၃၀)နာရီတွင် ကျင်းပဆောင်ရွက်ရာ သစ်တောဝန်ထမ်း(၃)ဦး၊ ဆရာ/ဆရာမ(၈)ဦး၊ ကျောင်းသား/ကျောင်းသူ(၆၅) ၊စုစုပေါင်း(၇၆)ဦး တက်ရောက်ပါသည်။အဆိုပါဟောပြောပွဲကို ဦးစီးအရာရှိ ဦးနိုင်လွင်မှ စာသင်ကျောင်း၊ အတွင်း၊အပြင် စိမ်းလန်းသာယာလှပစေရန် သစ်တောသစ်ပင်များကို စနစ်တကျ စိုက်ပျိုးရန်၊‌ေကျာင်းသား/ကျောင်းများအား သစ်ပင်စိုက်ပျိုးခြင်း နည်းစနစ်များ ဟောပြော၍ စနစ်တကျ စိုက်ပျိုးရန်၊ `သစ်တောသစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိခံစားရမည့် အကျိုးကျေးဇူးများ၊ သဘာပတ်ဝန်းကျင်ထိန်းသိမ်းခြင်းကြောင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရမည့်အကြောင်းအရာများ၊ ဇီဝမျိုးစုံမျိုးကွဲများကပံ့ပိုးသော အကျိုးကျေးဇူးများ၊ဇီဝမျိုးစုံမျိုးကွဲများလျော့နည်းပျောက်ကွယ်ပါက ရရှိလာမည့် အကျိုးဆက်များ၊ကျောင်းသား/ကျောင်းသူများမှသစ်တောသစ်ပင်စိုက်ပျိုးရေးလုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ရန် နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိ်န်းသိမ်းကြရန် ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Thursday, July 16, 2026 - 10:45