မော်လမြိုင်မြို့နယ်၊ဘိုကုန်းရပ်ကွက်၊ငွေဗျိုင်းဖြူဓမ္မာရုံ၌"သ‌ဘာဝတောများမှ ထင်းအစားထိုးစွမ်းအားမြှင့်မီးဖိုများတိုးချဲ့သုံးစွဲရေးနှင့် တရားမဝင်သစ်လျော့နည်းပပျောက်ရေး"ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

၄-၇-၂၀၂၆ ရက်နေ့၊ (၁၅:၂၀)နာရီအချိန်တွင် မော်လမြိုင်မြို့နယ်၊ဘိုကုန်းရပ်ကွက်၊ ငွေဗျိုင်းဖြူဓမ္မာရုံ၌"ရက် ၁၀၀ စီမံချက်အရ"သ‌ဘာဝတောများမှ ထင်းအစားထိုး စွမ်းအားမြှင့်မီးဖိုများတိုးချဲ့ သုံးစွဲရေးနှင့် တရားမဝင်သစ်လျော့နည်းပပျောက်ရေး"ဆိုင်ရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ ဘိုကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်သူ၊ သား၊ ကျား (၃၁) ဦး၊ မ (၈) ဦး၊ သစ်တောဝန်ထမ်း ကျား (၅) ဦး၊ စုစုပေါင်း ကျား၊မ (၄၄) ဦး တက်ရောက်ခဲ့ကြပြီး မော်လမြိုင်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးအောင်ဇော်လတ်က သ‌ဘာဝတောများမှ ထင်းအစားထိုး စွမ်းအားမြှင့်မီးဖိုများတိုးချဲ့သုံးစွဲရေးနှင့် တရားမဝင်သစ်လျော့နည်းပပျောက်ရေး"ဆိုင်ရာအကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Thursday, July 16, 2026 - 10:45