၆-၇-၂၀၂၆ ရက်နေ့မှ ၁၂-၇-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိ

နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၂.၀၇၉၀)တန်၊ သစ်မာ(၄.၉၄၆၆)တန်၊ အခြား(၆၄.၉၆၃၀)တန်၊ စုစုပေါင်း(၇၁.၉၈၈၆)တန်၊ ယာဉ်/ယန္တရား(၂)စီး၊ တရားခံ(၁၁)ဦးဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၁၀-၇-၂၀၂၆ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်၊ လိန်းလီဘိနယ်၊ ပေါင်းလောင်းကြိုးဝိုင်း၊ အကွက်အမှတ်(၁၄၄)အတွင်းမှ တရားမဝင် ကညင်/ တောင်သရက်/ သစ် ယား/နဘဲ/ တောင်ပိန္နဲ/ သပြေ သစ်လုံးစုစုပေါင်း(၂၆)လုံး(၂၅.၃၄၄၀)တန်၊ ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Thursday, July 16, 2026 - 14:45