ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်း မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား (၁၇.၇.၂၀၂၆)ရက်နေ့၊ (၀၉:၃၀)နာရီအချိန်တွင်“မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပခဲ့ရာ သန်လျင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးရန်စိုးအောင် ပါ သစ်တောဝန်ထမ်း(၄)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး အမျိုးသား (၅၇) ဦး၊ အမျိုးသမီး (၁) ဦး၊ စုစုပေါင်း(၆၂)ဦးတို့ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန၊ သန်လျင်မြို့နယ်၊ မြို့နယ်ဦးစီးဌာနမှူး ဦးရန်စိုးအောင်မှ သစ်တောသစ်ပင်များအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သစ်တောများကပေးစွမ်းနိုင်သည့် ဂေဟစနစ်ဆိုင်ရာအကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးတွင် သစ်တောသစ်ပင်များ၏အရေးပါမှု၊ ဒီရေတော ဂေဟစနစ်၏ အရေးပါပုံများ၊ ဒီရေတောကြိုးပြင်ကာကွယ်တောများတွင် သစ်တောဦးစီးဌာနမှ သစ်တောလုပ်ငန်းဆောင်ရွက် နေ မှု အ‌ခြေအနေများ၊ ပြည်သူလူထု ပူးပေါင်းပါ၀င်သော သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများ အကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကျောက်တန်းနယ်မြေတာ၀န်ခံ တောအုပ်ကြီး ဦးစိုးမြင့်မှ မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ လေထုညစ်ညမ်းမှု ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ နှင့်ပတ်သက်၍ နိုင်ငံ
တကာနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများအား တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးအား အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, July 20, 2026 - 10:45