စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်“မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ“မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ” အခမ်းအနားကို ‌(၁၇.၇.၂၀၂၆) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး တွင် ကျင်းပခဲ့ရာ အမျိုးသား(၅၃)ဦး၊ အမျိုးသမီး(၃၂)ဦး၊ မြို့နယ်သစ်တောဝန်ထမ်း(၆)ဦး၊ စုစုပေါင်း(၉၁)ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေး‌ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးရဲထက်အောင်-၁ မှ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးတွင် သစ်တောများ၏ အရေးပါမှုနှင့် သစ်တောထိန်းသိမ်းရေး နည်းလမ်းများ သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော MRRP နှင့် သစ်တောလုပ်ငန်းများ၊ သစ်တောဥပဒ၊ သစ်ပင်စိုက်ပျိုးခြင်းနည်းစနစ်များ၊ သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးရလဒ်များ၊ ဇီ၀မျိုးစုံမျိုးကွဲများ ထိန်းသိမ်း ရေး၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံး တွင်လူထုဖြန့်ပျိုးပင်များ အခမဲ့ထုတ်ယူနိုင်ပါကြောင်းတို့ကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပါကြောင်းနှင့် ပြည်သူများမေးမြန်းသည့် သိရှိလိုသည့်များ အပေါ် ပြန်လည်ရှင်း လင်းဖြေကြားခြင်း၊ လက်ကမ်းစာဆောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, July 20, 2026 - 11:00