ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
(၂၀-၇-၂၀၂၆)ရက်နေ့(၁၃:၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊မြန်အောင်မြို့နယ်မှ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ဇလုပ်မ) ၌ “မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပခဲ့ရာ အထက(ခွဲ)(ဇလုပ်မ)မှ ကျောင်းအုပ်ဆရာကြီးပါဆရာ(၄)ဦး၊ ဆရာမ(၁၁)ဦး၊ကျောင် းသား (၁၁၀)ဦး၊ ကျောင်းသူ(၂၄၈)ဦး၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်ကျား(၁၀)ဦးနှင့် သစ်တောဝန်ထမ်း(၂)ဦး စုစုပေါင်း(၃၈၅)ဦး [ကျား - ၁၂၆ ဦး၊ မ - ၂၅၉ ဦး]တက်ရောက်ခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင် တောအုပ်ကြီး ဦးနိုင်ဝင်း က *သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေးနည်းစနစ်များ၊ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများ၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ပတ်ဝန်း ကျင်ဆိုင်ရာ ပြဿနာများနှင့် ဖြေရှင်းရမည့်နည်းလမ်းများ၊တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့် တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေး* တို့အား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး သိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

