သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ

(၂၈-၁၀-၂၀၂၄) ရက်၊ တနင်္လာနေ့ (၁၀း၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် ဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ဦးထွန်းထွန်းဝေ (ဒုတိယညွှန်ကြားရေးမှူး၊ တိရစ္ဆာန်ဥယျာဥ်များဌာန)မှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားအစီအစဉ်အရ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲများတက်ရောက်ခဲ့ကြသည့် လက်​ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအင်ကြင်းခိုင်မှ အာရှဒေသသစ်တောကဏ္ဍဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(AFoCO)၏၂၀၂၄ ခုနှစ် နည်းပညာပိုင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတက်ရောက်မှုအားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇာခြည်လှိုင်မှ အပူပိုင်းဒေသနိုင်ငံများတွင် ဒေသခံပြည်သူအခြေခံသော အရည်အသွေးကောင်းကျွန်းသစ်ထုတ်လုပ်မှုမြှင့်တင်ရေးနှင့်အခြားအဖိုးတန်သစ်မျိုးစိုက်ခင်းများဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ ပထမအကြိမ်ဒေသဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတက်ရောက်မှုအားလည်းကောင်း တက်ရောက်ခဲ့သည့် အတွေ့အကြုံများ အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

date: 
Monday, October 28, 2024 - 13:00