၂၁-၁၀-၂၀၂၄ ရက်နေ့မှ ၂၇-၁၀-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ပြည်နယ်/ တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၄.၅၁၅၈) တန်၊ သစ်မာ (၁၀.၀၀၈၀)တန်၊ အခြား (၂၅.၀၆၈၆)တန်၊ စုစုပေါင်း (၅၉.၅၉၂၄) တန်၊ ယာဉ်/ ယန္တရား (၁၂)စီး၊ တရားခံ (၁၉) ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၅-၁၀-၂၀၂၄ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မြို့မ(ဆိပ်ကမ်း)ဘိနယ်၊ ကလွင် ကျေးရွာအုပ်စု၊ ထမ္ပနဲချောင်းအတွင်းမှ တရားမဝင် လေသရက်/ တောင်လန်းဖဲ/ တောင်မအူ သစ်လုံး စုစုပေါင်း (၁၁)လုံး (၁၁.၁၈၀၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။
date:
Wednesday, October 30, 2024 - 12:45