“ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ထိန်းသိမ်းခြင်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်ခြင်း(၁၀) နှစ်ပြည့်အခမ်းအနား”ကျင်းပခြင်း

“ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ထိန်းသိမ်းခြင်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်ခြင်း(၁၀) နှစ်ပြည့်အခမ်းအနား” ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်၊ နံနက် (၉:၀၀) နာရီအချိန်တွင် Grand Amara ဟိုတယ်၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးမင်းသူ၊တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာသံမှူးကြီးနှင့် တရုတ်သိပ္ပံအကယ်ဒမီ(CAS)မှ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခများ၊ ကျောင်းသားကျောင်းသူများ၊ မြန်မာနိုင်ငံမှသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်များ၊ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် သက်ဆိုင်ရာဌာနအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ တရုတ်-မြန်မာ စီမံကိန်း လုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများ စုစုပေါင်း (၁၅၀) ဦးတက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ Key Note Presentation တင်ပြခြင်း၊ တရုတ်သိပ္ပံအကယ်ဒမီမှ တာဝန်ရှိသူများမှ မိတ်ဆက်စကားပြောကြားခြင်းနှင့်(၁၀)နှစ်ကြာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့မှုရလဒ်များအားတင်ပြခြင်း၊ မြန်မာနိုင်ငံမှ စီမံကိန်းလုပ်ငန်း ဆိုင်ရာတာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်တိုးတက်မှုအခြေအနေများအား အသီးသီးတင်ပြခြင်း များဆောင်ရွက်ခဲ့ကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်းသတင်းရှိပါသည်။

date: 
Tuesday, October 29, 2024 - 16:30