ရေထွက်ကျောက်ခေါင်း (လင်းဝေး) ဘူမိရုပ်သွင်ထူးခြားသည့်နယ်မြေသတ်မှတ်ခြင်း
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ရှမ်ပြည်နယ်၊ တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်အတွင်းကျရောက်သည့် ဧရိယာအကျယ် အဝန်း (၄၇၅)ဧကရှိနယ်မြေအား " ရေထွက်ကျောက်ခေါင်း ( လင်းဝေး ) ဘူမိရုပ်သွင်ထူးခြားသည့်နယ်မြေ" အဖြစ် (၂၅-၁၀-၂၀၂၄) ရက်မှစ၍ သတ်မှတ်ကြောင်း ကြေညာထားပါသည်၊ ထိုသို့သတ်မှတ်ခြင်းကြောင့် ယင်းဒေသတွင်ကျက်စားနေထိုင်သည့် နို့တိုက်သတ္တဝါမျိုးစိတ်(၂၄) မျိုး၊ ငှက်မျိုးစိတ်(၄၆) မျိုး၊ ဆောင်းခိုငှက်များ၊လိပ်ဝါနှင့် ထုံးကျောက်တောင်တောက်တဲ့မျိုးစိတ်များကို ထိန်းသိမ်းကာကွယ်နိုင်ခြင်း၊ရေဝေရေလဲဒေသနှင့် ထုံးကျောက်ဂူ၏ဂေဟစနစ်များကိုထိန်းသိမ်းနိုင်ခြင်း၊ သုတေသနအခွင့်အလမ်းများကိုထောက်ပံ့နိုင်ခြင်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်ခြင်းနှင့်နိုင်ငံတကာမှခရီးသွားများကိုဆွဲဆောင်နိုင်ခြင်းဖြင့် ဒေသခံတို့၏လူမှုစီးပွားဖွံ့ဖြိုးမှုကိုအထောက်အကူပြုနိုင်ခြင်းစသည် အကျိုးကျေးဇူးများရရှိလာမည်ဖြစ်ကြောင်းသိရှိရပါသည်။