ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ မြို့သစ်ပိုင်းရပ်ကွက်၊ (အ.ထ.က)စာသင်ကျောင်း၌မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ မြို့သစ်ပိုင်းရပ်ကွက်၊ (အ.ထ.က)စာသင်ကျောင်း၌(ရက်ပေါင်း၁၀၀)စီမံချက်အရ (၂၄.၇.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင်“မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် တ်ဝန်ကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကျင်းပခဲ့ရာဆရာ၊ဆရာမ(၃)ဦး၊ ကျောင်းသား (၆၇)ဦး ၊ကျောင်း သူ(၇၅)ဦး စုစုပေါင်း(၁၄၅)ဦး၊ ကော့မှူးမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးလူမင်းပါသစ်တောဝန်ထမ်း(၂)ဦး၊ စုစုပေါင်း(၁၄၇) ဦးတက်ရောက်ခဲ့ပါသည်။ ဆွေးနွေးဟောပြောပွဲတွင် ကော့မှူးမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးလူမင်းမှ သစ်တောများကပေးစွမ်းနိုင်သောအကျိုးကျေးဇူးများ ၊ မြန်မာနိုင်ငံသစ်တောဖုံးလွှမ်းမှုပြောင်းလဲလာခြင်းနှင့် ပြောင်းလဲမှုအကြောင်းရင်းများ၊ သစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်းလုပ်ငန်းများအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းစောင့်ရှောက်ရေးနှင့်မိမိတို့ပတ်ဝန်းကျင်ရှိဇီဝမျိုးများမပျောက်ပျက်စေရေးကာကွယ်ထိန်းသိမ်းသင့်သည့်အကြောင်းများ၊ ပတ်ဝန်းကျင်သာယာလှပစေရေး၊ အမှိုက်များအားစနစ်တကျထိန်းသိမ်းစွန့်ပြစ်ကြရင်၊ အမှိုက်စိုအမှိုက်ခြောက်များနှင့် ပျက်စီးရန်ခက်ခဲသည့်အမှိုက်များအားမြေကျင်းတူးစွန့်ပြစ်ကြရန်၊ မိုးရာသီသစ်ပင်များနည်းစနစ်မှန်ကန်စွာစိုက်ပျိုးကြရန်နှင့်စိုက်ပျိုးပြီးသစ်ပင်များအားကာကွယ်ထိန်းသိမ်းကြရန်၊ ဒေသမျိုးရင်းဇီဝမျိုးများ အားထိန်းသိမ်းသင့်သည့်အကြောင်းများ၊ ပြည်သူလူထု ပူးပေါင်းပါဝင်သောမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းများနှင့်ပျိုးပင်များနည်းစနစ်မှန်ကန်စွာစိုက်ပျိုးတက်စေရေး၊ ရာသီဥတုပြောင်းလဲလာခြင်းနှင့်ရာသီဥတုပြောင်းလဲမှုအရဖြစ်ပေါ်လာနိုင်သောသဘာဝဘေးဒဏ်များ၊ လက်ရှိကမ္ဘာပေါ်၌ဖြစ်ပေါ်ပြောင်းလဲနေသည့်အပူဒဏ်အန္တရာယ်များအားကာကွယ်သင့်၊ရှောင်ကျင်သင့်သည်များအားဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။




