မော်လမြိုင်(တွဲဘက်)ချောင်းဆုံမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဒီ‌ရေတောထိန်းသိမ်းရေး ဟောပြောပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးကျင်းပ

၂၄.၇.၂၀၂၆ ရက်နေ့ (သောကြာနေ့) နံနက် ၈:၃၀ နာရီ အချိန်တွင် ချောင်းဆုံမြို့နယ်၊ ကော့မုပွန်ကျေးရွာ၊ ‌အခြေခံပညာမူလတန်းလွန်ကျောင်း (ကော့မုပွန်) ၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် "ဒီရေတောများ ထိန်းသိမ်းရေး‌နှင့် မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး" ခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟော‌ပြောပွဲသို့ ဆရာမ (၂) ဦး၊ ကျောင်းသား (၂၇) ဦး၊ ကျောင်းသူ (၂၇) ဦး၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်း ကျား (၆) ဦး၊ ရပ်‌/ကျေး စာရေး မ (၁) ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ကျား (၁) ဦး၊ သစ်တောဝန်ထမ်း ကျား (၃) ဦး၊ ဟောပြောပွဲသို့ ကျား (၃၇) ဦး၊ မ (၃၀) ဦး စုစုပေါင်း (၆၇) ဦး တက်ရောက်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲတွင် တောအုပ်ကြီး ဦးတင့်နိုင်ဇော်မှ ဒီရေတောများ၏ အရေးပါပုံ၊ သဘာဝဘေးအန္တရာယ်များ ကာကွယ်ပေးမှုများနှင့် မိုးရာသီ သစ်ပင် စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Monday, July 27, 2026 - 15:00