ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှပဲခူးမြို့နယ်(တွဲဖက်-ကဝမြို့နယ်)တွင်အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဒီရေတောသစ်ပင်စိုက်ပျိုးပွဲနှင့်အသိပညာပေးဟောပြောပွဲများကျင်းပ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှကြီးမှူး၍ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ(၂၆.၇.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၀၀)ချိန်တွင် ပဲခူးမြို့နယ်(တွဲဖက်က၀မြို့နယ်)၊ဘန်ဒါကျေးရွာ၊ ဒီရေတောစိုက်ခင်းစခန်းတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့(Internation al Day for the Conservation of Mangrove Ecosystem) အထိမ်းအမှတ်ဟောပြောပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးခင်မောင်လှိုင်မှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားတွင်ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာန၊ဦးစီးအရာရှိဦးချမ်းမြေ့အောင်မှ ပဲခူးမြို့နယ်(တွဲဖက်ကဝမြို့နယ်)အတွင်းဒီရေတောထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ဒီရေတောဂေဟစနစ်နှင့်ဒီရေတောစိုက်ပျိုးပြုစုခြင်းဆိုင်ရာအချက်အလက်များအပါအဝင် ဒီရေတောထိန်းသိမ်းရေးနှင့်သဘာ၀ ဘေးဒဏ်ကာကွယ်ရေး ဆိုင်ရာ သိကောင်းသိကောင်းစရာများခေါင်းစဉ်များဖြင့်ရှင်းလင်းဟောပြောဆောင်ရွက်ခဲ့ပါသည်။ထို့နောက်အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဗွီဒီယို Clip ပြသ၍တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းဟောပြောခဲ့ကြသည်။ဆက်လက်၍ အဆိုပါဘန်ဒါကျေးရွာအနီးအောင်နိမိတ်ဒီရေတောကြိုးပြင်ကာကွယ်တောအတွင်း ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ (International Day for the Conservation of Mang rove Ecosystem)အထိမ်းအမှတ် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ကဝမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် က၀မြို့နယ်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့၀င်များ၊ က၀မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများစုစုပေါင်း(၁၀၀) ဦး တက်ရောက်ခဲ့ကြပြီးဗြူးခြေထောက်(၁၈၀၀)ပင်အားတစ်ပျော်တစ်ပါးစုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။








