ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ မီးခိုးမြူငွေ့လျှော့ချရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

(၅-၁၁-၂၀၂၄) ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင်ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ပဲခူးမြို့၊အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်း၌ မီးခိုးမြူငွေ့လျှော့ချရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပဆောင်ရွက်ခဲ့ရာ အခမ်းအနားတွင် အမှတ် (၃) အခြေခံ ပညာအထက်တန်းကျောင်း၊ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးချစ်ဦး-၂ မှ မြူခိုးမြူငွေ့လျှော့ချရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသူကျောင်းသားများအား အသိပညာပေးလက်ကမ်းစာစောင်များ ပေးအပ်ခြင်းနှင့် ကျောင်းမှ တာဝန်ရှိသူများအား ကျောင်းသုံးဘောပင်များ လှူဒါန်းခဲ့ကြကြောင်းသိရှိရပါသည်။ဟောပြောပွဲသို့ ပဲခူးမြို့၊အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းမှ ဆရာ/ဆရာမများ ၊ ကျောင်းသား/သူများနှင့် တာဝန်ရှိသူများ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

date: 
Friday, November 8, 2024 - 18:30