ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေး ခရိုင်သစ်တောဦးစီးဌာနမှ လင်းခေးမြို့ ရှိ အ-ထ-က (လင်းခေး)၌ မီးခိုးမြူငွေ့လျော့ချရေး၊ ရာသီဥတုပြောင်းလဲမှုလျော့ချရေး နှင့်သဘာဝဘေးအန္တရာယ်လျော့ချရေး ခရိုင်အဆင့်အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေး ခရိုင်သစ်တောဦးစီးဌာနမှ လင်းခေးမြို့ ရှိ အ-ထ-က (လင်းခေး)၌ မီးခိုးမြူငွေ့လျော့ချရေး၊ ရာသီဥတုပြောင်းလဲမှုလျော့ချရေး နှင့်သဘာဝဘေးအန္တရာယ်လျော့ချရေး ခရိုင်အဆင့်အသိပညာပေးဟောပြောပွဲအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။
ဟောပြောပွဲတွင် လင်းခေးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး။ ဦးဝင်းဇော် မှ မီးခိုးမြူငွေ့လျော့ချရေးခေါင်းစဉ် မီးခိုးမြူငွေ့ဖြစ်ပေါ်လာရခြင်းအ‌ေကြာင်းအရာများ၊မြန်မာနိုင်ငံမှ ဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းများ၊ လင်းခေးခရိုင်အတွင်း‌ေဆာင်ရွက်လျှက်ရှိသည့် မီးခိုးမြူငွေ့လျော့ချရေးလုပ်ငန်းများအားရှင်းလင်း ပြောကြားခဲ့ပါကြောင်းနှင့် လင်းခေးမြို့နယ်၊သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မျိုးနိုင်မှ သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေးအတွက် သစ်တောများ၏ အရေးပါပုံများအားအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်သူ ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များ မေးမြန်းခဲ့ကြပါသည်။
အသိပညာပေးဟောပြောပွဲအား လင်းခေးမြို့ အ-ထ-က မှ ဆရာ/ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ၊ဌာနဆိုင်ရာ (၁၃၀) ဦး တက်ရောက်ခဲဲ့ပါကြောင်းသတင်းရရှိပါသည်။

date: 
Monday, November 11, 2024 - 02:30