ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ အထက(၁) ‌ကျောင်း၌ သစ်တောဦးစီးဌာနမှ မီးခိုး/မြူငွေ့လျော့ချရေး၊ ရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းရေးစသည့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ အထက(၁) ‌ကျောင်း၌ သစ်တောဦးစီးဌာနမှကြီးမှူး၍ မီးခိုး/မြူငွေ့လျော့ချရေး၊ ရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းရေးစသည့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကို ၁၁.၁၁.၂၀၂၄ရက်နေ့ နံနက်(၁၀)နာရီက အဆိုပါကျောင်းခန်းမတွင်ပြုလုပ်ပါသည်။ အသိပ ညာပေးဟောပြောပွဲသို့ ခရိုင်/မြို့နယ်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၈၇)ဦးတက်ရောက်ခဲ့ပါသည်။ ‌အသိပညာပေးဟောပြောပွဲတွင် ဦးစွာကျောင်းအုပ်ဆရာမကြီးဒေါ်နန်းရွှေရွှေလွင်က အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ဦးတင်မျိုးအောင်က မီးခိုး/မြူငွေ့လျော့ချရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ၊ ဦးစည်သူနိုင်က ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့်လိုက်လျောညီထွေစွာနေနိုင်ရေးခေါင်းစဉ်ဖြင့်ကိုလည်းကောင်း ၊ ခရိုင်သစ်တောဦးစီးဌာန ဦးစီးအရာရှိ၊ ဦးကျော်ဇာလင်းက ရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေး အစီအစဉ်ကိုလည်းကောင်း ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊‌ဒေါ်တင်မင်းထိုက် ကသဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းရေးအစီအစဉ်ကိုလည်းကောင်းအသီးသီးအသိပညာပေးဟောပြောကြပါသည်။ထို့နောက်ဟောပြောမှုများနှင့်ပတ်သက်၍ ကျောင်းသား/ သူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းနှင့် ခေါင်းစဉ်အလိုက်ပြောကြားခဲ့သည့် အ ‌ေကြာင်းအရာများကို မေးမြန်းခြင်းဆောင်ရွက်ပြီး ကောင်းမွန်စွာဖြေဆိုနိုင်သည့် ကျောင်းသား/ကျောင်းသူများကို အမှတ်တရ လက်ဆောင်များပေးအပ်ပြီး ဟောပြောပွဲအစီအစဉ်ကို အောင်မြင်စွာကျင်းပခဲ့ပါကြောင်းသတင်းရရှိပါသည်။

date: 
Tuesday, November 12, 2024 - 09:15