မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုအရ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ဆယ်အိမ်စုရပ်၊ပင်လယ်ကမ်းခြေတွင်“၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ”အားကျင်းပ

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုအရ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ အုပ်စု၊ ဆယ်အိမ်စုရပ်၊ ပင်လယ်ကမ်းခြေတွင်“၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲ”အား ၂၆-၇-၂၀၂၆ ရက်၊ တနင်္ဂနွေနေ့ နံနက်(၈:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည် နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ မွန်ပြည်နယ် လွှတ်တော်ဒုဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး၊ ပြည်နယ်လက်ထောက် ညွှန်ကြားရေးမှူး၊ သထုံမြို့နယ် ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၇၁၉)ဦးခန့် တက်ရောက်ခဲ့ကြပြီး ဗြူးရွှေဝါ၊ သမဲ့စသည့် သစ်မျိုး(၂)မျိုးဖြင့် စုစုပေါင်းပင်ရေ (၁၂၁၀)ပင်အားစိုက်ပျိုးခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Tuesday, July 28, 2026 - 14:00