မကွေးတိုင်း၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ အ.ထ.က (၃)၌ မီးခိုး/မြူငွေ့ လျှော့ချရေး နှင့် သဘာဝဘေးအန္တရာယ်ဆိုင် ရာ အသိပညာပေးဟောပြောပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ(၁၂-၁၁-၂၀၂၄) ရက်နေ့၊(၁၁:၀၀) နာရီတွင် မကွေးတိုင်း၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ အ.ထ.က (၃)၌ မီးခိုး/မြူငွေ့ လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ တိုင်းအဆင့်အားပြုလုပ်ခဲ့ရာ ဦးထင်အောင်( တိုင်းလ/ထ ညွှန်မှူး )မှ မီးခိုးမြူငွေ့လျှေ့ာချရေးဆိုင်ရာအသိပညာပေးခြင်းကိုလည်းကောင်း၊ ဦးမျိုးအောင်-၁ (မကွေးခရိုင်မှူး) မှ ရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေးအသိပညာပေးခြင်းကိုလည်းကောင်း၊ဦးမျိုးသိန်းထိုက်(ဦးစီးအရာရှိ)မှ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းစေရေးအသိပညာပေးခြင်းကိုလည်းကောင်း ဟောပြောခဲ့ကြပြီး အခမ်းအနားသို့ ဆရာ/မများ၊ ကျောင်းသူ/သားများနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများစုစုပေါင်း (၁၂၀)ဦး တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။