မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် မြို့နယ်အဆင့် မီးခိုး/မြူငွေ့ လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခြင်း
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ သစ်တောဉီးစီးဌာနမှ မြို့နယ်အဆင့် မီးခိုး/မြူငွေ့ လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲအား (၁၂-၁၁-၂၀၂၄)ရက်နေ့ (၁၀:၃၀)နာရီ၌ ပျော်ဘွယ်မြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(ပန်းစုံ)တွင် ကျင်းပပြုလုပ်ခဲ့ရာ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူနှင့် သစ်တောဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၁၆၂)ဦး တက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် ပျော်ဘွယ်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ခင်ဦး က မီးခိုး/မြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းကို ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များ မေးမြန်းမှုအား ပြနိလည်ဖြေကြားပေးကာ အခမ်းအနားအား (၁၁:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။