စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ သစ်တောဦးစီးဌာနမှ “ မီးခိုး/မြူငွေ့လျော့ချရေး နှင့် သဘာဝဘေးအန္တရာယ်အသိပညာပေး” ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ သစ်တောဦးစီးဌာနမှ (၈-၁၁-၂၀၂၄)ရက်နေ့၊ (၁၀း၀၀)နာရီတွင်၊ တမူးမြို့၊ အထက(၂)ကျောင်းစုဝေးခန်းမ၌ ခရိုင်အဆင့်“ မီးခိုး/မြူငွေ့ လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်အသိပညာပေး” ဆိုင်ရာဟောပြောပွဲ ကျင်းပရာ အဆိုပါဟောပြောပွဲတွင် လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးသန်းထွန်းဦးမှ ရာသီဥတု ပြောင်းလဲမှုလျော့နည်းရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ဦးစီးအရာရှိ၊ ဦးမိုးကျော်သူမှ မီးခိုး/မြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ ကျောင်းသားကျောင်းသူများမှ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး တမူးမြို့၊ အထက(၂) ကျောင်းအုပ်ကြီးမှ ဟောပြောပွဲကျင်းပမှုအပေါ် ကျေးဇူတင်စကား ပြောကြားခဲ့ပါသည်။ ဟောပြောပွဲသို့ တမူးမြို့၊ အထက(၂)ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် တာဝန်ရှိသူများ စုစုပေါင်း(၉၂)ဦး တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

date: 
Wednesday, November 13, 2024 - 14:30