မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ၌ မီးခိုး/မြူငွေ့ လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
၁၄-၁၁-၂၀၂၄ ရက်နေ့၊ (၁၀:၀၀) နာရီတွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ၌ မီးခိုး/မြူငွေ့ လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ မြို့နယ်အဆင့်အား ပြုလုပ်ခဲ့ပါသည်။ ဦးဇော်မင်း (မြို့နယ်ဦးစီးဌာနမှူး)မှ မီးခိုး/မြူငွေ့ လျှော့ချရေးနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းကို ဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်မှ လစဉ်ထုတ်ဝေသော သစ်တောကြေးမုံ (၁၀)အုပ်အား မြို့နယ် ပြန်/ဆက် သို့ ပေးအပ်လှူဒါန်းခြင်းနှင့် ဟောပြောပွဲ တက်ရောက်လာသူများအား အချိုရည်/မုန့်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။ တက်ရောက်သူ ဆရာမ(၅)ဦး၊ G-10 ကျောင်းသူ/သား (၈၀)ဦး၊ သစ်တောဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း(၁၅)ဦး စုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့ကြပါသည်။