သစ်တောဦးစီးဌာန၏ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းရေးဆွဲရေး အစည်းအဝေးကျင်းပ

၂၀-၁၁-၂၀၂၄ ရက်၊ နံနက် ၀၉း၀၀ နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးအင်ကြင်းခန်းမ၌ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းရေးဆွဲရေး (တတိယအကြိမ်) အစည်းအ​ဝေး ကျင်းပရာ ညွန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဖေချစ် (မူဝါဒနှင့်စီမံကိန်း)တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။အစည်းအဝေးသို့ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းရေးဆွဲရေး ပင်မအဖွဲ့/အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့်တိုင်းဒေသကြီး/ပြည်နယ် သစ်တောဦးစီးဌာနမှတာဝန်ရှိသူများက online virtual စနစ်ဖြင့်တက်ရောက်ကြပြီး အုပ်ချုပ်ရေးခရိုင်များ ပြင်ဆင်ပြောင်းလဲခြင်းနှင့်ပတ်သက်၍ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းများလိုက်ပါပြင်ဆင်ရေးဆွဲရန်လို/မလို၊ အလုပ်တိုက်နယ်များ ပြင်ဆင်ဖွဲစည်းရန်နှင့်အသစ်ဖွဲစည်းရန်လို/မလို၊ အခြေခံကိန်းဂဏန်းအချက်အလက်များ up to date ဖြစ်စေရေး၊ FRA -2025နှင့်အညီ ခရိုင်မြေပုံရေးဆွဲရေး၊ စီမံကိန်းရေးဆွဲမည့် အချိန်ဇယား သတ်မှတ်အတည်ပြုရေးတို့ကို ဆွေးနွေးညှိနှိုင်း အတည်ပြုကြပါသည်။ သစ်တောဦးစီးဌာန၊ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများကို ၁၉၉၆ ခုနှစ်မှစတင်၍ (၁၀)နှစ် တစ်ကြိမ် ပြန်လည်စတင်ရေးဆွဲဆောင်ရွက်ရာ တတိယ (၁၀)နှစ်တွက် ရေးဆွဲဆောင်ရွက်ခဲ့သည့် စီမံကိန်းမှာ ၂၀၂၅ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ယခု ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းသည် ၂၀၂၆-၂၇ မှ ၂၀၃၅-၃၆ အထိ ရေးဆွဲဆောင်ရွက်မည့် စတုတ္ထမြောက် (၁၀) နှစ်စီမံကိန်းဖြစ်ကြောင်းသိရှိရပါသည်။

date: 
Wednesday, November 20, 2024 - 12:30