ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးခရိုင်၊ ကော့မှူးမြို့နယ် သစ်တောဦးစီးဌာန မှ ရာသီဥတု ပြောင်းလဲမူ့ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး / မြူငွေ့ လျော့ချရေး ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်း အစီအစဥ် မြို့နယ်အဆင့်ဟောပြောပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးခရိုင်၊ ကော့မှူးမြို့နယ်၌ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ အ.ထ.က(ကော့မှူး) အခြေခံပညာ အထက်တန်း ကျောင်းတွင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်း အစီအစဉ်ကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် အ.ထ.က(ကော့မှူး) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် အ.ထ.က(ကော့မှူး) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှအေးက အဖွင့်အမှာစကား ပြောကြားပြီး ကော့မှူးမြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလူမင်းမှ ရာသီဥတုပြောင်းလဲမှု လျော့နည်းစေရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးခိုး/ မြူငွေ့ လျှော့ချရေး ၊မီးရှို့သည့်အတွက် ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်ဆိုင်ရာဆိုးကျိုးများ၊ မီးခိုးမြူငွေ့နှင့် နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့များ ဖြစ်ပေါ်ရသည့်အကြောင်းအရင်းများ၊ ရွှေ့ပြောင်းတောင်ယာအများဆုံး စိုက်ပျိုးလုပ်ကိုင်သည့်နေရာများနှင့် ကာလများ၊ တောင်ယာစိုက်ပျိုးရန် မီးရှို့သည့်အတွက် ဖြစ်ပေါ်လာ နိုင်သည့် ပတ်ဝန်းကျင်ဆိုင်ရာဆိုးကျိုးများ၊ မီးခိုးမြူငွေ့တွင် ပါဝင်သော လေထုညစ်ညမ်းစေသည့် အကြောင်းအရာများနှင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများ၊ သစ်တောကဏ္ဍနှင့်ပတ်သက်၍ မီးခိုး/မြူငွေ့ လျှော့ချစေရေးဆိုင်ရာ အကြောင်းအရာများ၊ မီးခိုး/ မြူငွေ့ဖြစ်ပွားချိန်များတွင် ကြိုတင်ကာကွယ် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ကျောင်းသား/ကျောင်းသူများအား အသိပညာပေး အစီအစဉ်ကျင်းပခဲ့ပါသည်။ အ.ထ.က(ကော့မှူး) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား/ကျောင်းသူ များကိုယ်စား ကျောင်းသူတစ်ဦးက မီးခိုး/ မြူငွေ့ လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများကို ပြန်လည်ဆွေးနွေးရာ မြို့နယ်ဦးစီးမှူး ဦးလူမင်းက ပြန်လည်ဖြေကြားခဲ့ပြီး တက်ရောက်လာသော ဆရာ၊ ဆရာမများ ကျောင်းသား/ ကျောင်းသူများကို မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ သစ် တောဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၁၄၀) ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။