မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မော်လမြိုင်(တွဲဘက်)ချောင်းဆုံမြို့နယ်၊ သစ်တောဦးစီးဌာနမှရာသီဥတု ပြောင်းလဲမူ့ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး / မြူငွေ့ လျော့ချရေး ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်း အစီအစဥ် မြို့နယ်အဆင့်ဟောပြောပွဲကျင်းပ

၁၉-၁၁-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်၌ ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာ၊ ရွာလွတ်အခြေခံပညာအထက်တန်းကျောင်း တွင် " ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်း အစီအစဉ်"" ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ ၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၁၃၁) ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် မော်လမြိုင်(တွဲဘက်) ချောင်းဆုံမြို့နယ်၊ သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးဟိန်းထွဋ်ဘုန်းမှ မီးခိုး/မြူငွေ့လျော့ချရေး ရာသီဥတုပြောင်းလဲမှု လျှော့ချရေး သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြား ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

date: 
Wednesday, November 20, 2024 - 14:30