လှိုင်းဘွဲမြို့နယ် သစ်တောဦးစီးဌာနမှ "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေး အန္တရာယ် နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသိ ပညာပေးခြင်း အစီအစဉ်" ဟောပြောပွဲကျင်းပ
၂၀-၁၁-၂၀၂၄ ရက်နေ့ (၁၀:၀၀)နာရီတွင််လှိုင်းဘွဲမြို့၊ အထက၌ “ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်းအစီအစဉ်”မြို့နယ်အဆင့် ပြုလုပ်ခဲ့ပါသည်၊ မြို့နယ်ဦးစီးဌာနမှူး ဦးရဲထွွန်းမှ မီးခိုး/မြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးခြင်းကိုလည်းကောင်း တောအုပ် ဦးစောကျော်သူထွန်းမှ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနင့် လျော့နည်းစေရေး အသိပညာပေးခြင်းကို လည်းကောင်း ဟောပြောခဲ့ပါသည်။ တက််ရောက်သူဆရာ/ဆရာမ (၈)ဦး ကျောင်းသားကျောင်းသူ (၁၁၅)ဦး စုစုပေါင်း (၁၂၃)ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
date:
Wednesday, November 20, 2024 - 18:30