စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် သစ်တောဦးစီးဌာနမှ "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးခြင်းအစီအစဉ်" (မြို့နယ်အဆင့်) ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် သစ်တောဦးစီးဌာနမှ ၁၉-၁၁-၂၀၂၄ ရက်၊ (၁ဝး၃၀)နာရီတွင် ရေဦးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စုဝေးခန်းမ၌ မြို့နယ်အဆင့် "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်းအစီအစဉ်" ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ဟောပြောပွဲအခမ်းအနားသို့ ရေဦးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမများ၊ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ အင်အားစုစုပေါင်း ၅၅ ဦး တက်ရောက်ခဲ့ပါသည်။
ဟောပြောပွဲတွင် ရေဦးမြို့နယ် သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးမော်မော်ထွေးက ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး ဟောပြောခဲ့ပြီး အခမ်းအနား တက်ရောက်လာသူများအား လေထုညစ်ညမ်းမှုနှင့် မီးခိုးမြူငွေ့ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ စောင်ဖြန့်ဝေပေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။

date: 
Wednesday, November 20, 2024 - 19:30