ကြို့ပင်ကောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ရာသီဉတု ပြောင်းလဲမှု့၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/ မြူငွေ့လျော့ချရေး ဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးခြင်း အစီအစဉ် မြို့နယ်အဆင့် ဟောပြောပွဲ ကျင်းပ
(၂၁.၁၁.၂၀၂၄)ရက်နေ့နံနက်(၀၉:၀၀)နာရီအချိန်တွင်ကြို့ပင်ကောက်မြို့၊အ.ထ.ကကျောင်းတွင် ရာသီဥတုပြောင်းလဲမှု၊သဘာဝဘေးအန္တရာယ်နှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးခြင်းအစီအစဉ် ခေါင်းစဉ်ဖြင့်ဟောပြောပွဲအားကျင်းပဆောင်ရွက်ခဲ့ရာဆရာ၊ဆရာမများကျောင်းသား၊ကျောင်းသူများနှင့်သစ်တောဦးစီးဌာနဝန်ထမ်းများစုစုပေါင်း(၁၅၅)ဦးတက်ရောက်ခဲ့ပြီးဦးစီးအရာရှိဦးတင်မြတ်မှရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့်သဘာဝဘေးအန္တရာယ်များခေါင်းစဉ်ဖြင့်လည်းေကာင်းတောအုပ်ကြီးဦးရှင်းသန့်နိုင်မှမီးခိုးမြူငွေ့လျှော့ချရေးနှင့်တောမီးလောင်ခြင်းဆိုင်ရာအကြောင်းအရာများဟောပြောခဲ့ပြီးတက်ရောက်လာသူများ၏မေးမြန်းချက်များအားပြန်လည်ဖြေကြားခဲ့ပါကြောင်းသတင်းရရှိပါသည်။
date:
Thursday, November 21, 2024 - 13:30