စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ ခရိုင်၊ မုံရွာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရာသီဉတု ပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/ မြူငွေ့လျော့ချရေး ဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးခြင်း အစီအစဉ် မြို့နယ်အဆင့် ဟောပြောပွဲ ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ ခရိုင်၊ မုံရွာ မြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၁-၁၁-၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မုံရွာ မြို့နယ်၊ ပညာရေးနှင့်လေ့ကျင့်ရေးကျောင်း(မုံရွာ) ၊ နားနေဆောင်၌" ရာသီဉတု ပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်းအစီအစဉ် မြို့နယ်အဆင့်ဟောပြောပွဲကျင်းပရာ မုံရွာ မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးလင်းရာဇာ မှ မီးခိုးမြူငွေ့လျော့ချရေး ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ တောအုပ်ကြီး ဦးအောင်နေလင်းမှ သဘာဝဘေးအန္တရာယ် လျော့ချရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တောအုပ်ကြီး ဦးနေလင်းစိုးမှ ရာသီဥတု ပြောင်းလဲမှုလျော့ချရေး" စသည့် ခေါင်းစဉ်များအား Powerpointများဖြင့် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပါသည်။ တက်ရောက်လာသူများမှ သိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပြီး မေးမြန်း သူများအား ဆုပေးခြင်း အစီအစဥ်များဖြင့် ပျော်ရွှင်စွာ ကျင်းပဆောင် ရွက်ခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူများ ၊ ကျောင်းအုပ်ဆရာမကြီး အပါအဝင် ဆရာမများ ၊ သစ်တောဦးစီးဌာနဝန်ထမ်းများ စုစုပေါင်း(၉၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။