မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်တွင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့်မီးခိုး/မြူငွေ့လျော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ (မြို့နယ်အဆင့်) ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ရမည်းသင်းမြို့နယ်၊သစ်တောဦးစီးဌာနမှ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့်မီးခိုး/မြူငွေ့လျော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်းထိန်းသိမ်းရေး အသိပညာပေးဟောပြောခြင်းအစီအစဉ်(မြို့နယ်အဆင့်)အား ၂၂-၁၁-၂၀၂၄ ရက်နေ့ (၀၉:၃၀)နာရီတွင် ရမည်းသင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူနှင့် ဆရာ၊ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၁၀၅)ဦး တက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် ရမည်းသင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာက မိးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းကိုလည်းကောင်း၊ ရမည်းသင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦး‌ငြိမ်းချမ်း-၄ က ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းကိုလည်းကောင်း ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ပြီး အခမ်းအနားအား (၁၁:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

date: 
Friday, November 22, 2024 - 12:30