ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၊ သစ်တောဦးစီးဌာနမှ "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသိ ပညာပေးခြင်း အစီအစဉ်" ဟောပြောပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၊သစ်တောဦးစီးဌာနမှပြုလုပ်သော "ရာသီဥတုပြောင်းလဲမှု၊သဘာဝဘေးအန္တရာယ်နှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ "မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲကို (၂၂-၁၁-၂၀၂၄)ရက်နေ့၊နံနက် (၁၀)နာရီအချိန်က အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်း၊ အောင်ဆန်း၊အထက(၃)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ထွန်းနိုင်က "ရာသီဥတုပြောင်းလဲမှု လျော့နည်းစေရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့ လျှော့ချရေး ၊မီးရှို့သည့်အတွက် ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်ဆိုင်ရာဆိုးကျိုးများ၊ မီးခိုးမြူငွေ့နှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့များ ဖြစ်ပေါ်ရသည့်အကြောင်းအရင်းများ၊ စိုက်ပျိုးရန် မီးရှို့သည့်အတွက် ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်ဆိုင်ရာဆိုးကျိုးများ၊ မီးခိုးမြူငွေ့တွင် ပါဝင်သောလေထု ညစ်ညမ်းစေသည့် အကြောင်းအရာများနှင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေး ထိခိုက်မှုနှင့် ဆိုးကျိုးများ၊ သစ်တောကဏ္ဍနှင့်ပတ်သက်၍ မီးခိုး/မြူငွေ့ လျှော့ချစေရေးဆိုင်ရာ အကြောင်းအရာများ၊ မီးခိုး/ မြူငွေ့ဖြစ်ပွားချိန်များတွင် ကြိုတင်ကာကွယ် လိုက်နာဆောင်ရွက် ရမည့်အချက်များ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို လက်ကမ်း စာစောင်များ ဖြန့်ဝေပြီး ဆွေးနွေးဟောပြောခဲ့ရာ ကျောင်းသား၊ကျောင်းသူများကသိရှိလိုသည့်မေး မြန်းချက်များအပေါ်ပြန်လည်ဖြေကြားဆွေးနွေးကြပါသည်။အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်သစ် တောဦးစီးဌာနမှဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊အ.ထ.က(၃) ကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူစုစုပေါင်း(၁၈၂)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။