သစ်တောဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဥတ္တရသီရိမြို့နယ်၏ "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်း အစီအစဉ်" (မြို့နယ်အဆင့်) ဟောပြောပွဲကျင်းပ
သစ်တောဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်သည် ၂၁-၁၁-၂၀၂၄ ရက်၊ (၁၀:၀၀)နာရီတွင် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာ၊အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ မြို့နယ်အဆင့် "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်းအစီအစဉ်" ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ဟောပြောပွဲအခမ်းအနားသို့မင်းကုန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ဆရာ/ဆရာမ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ(၉၁)ဦး၊ သစ်တောဝန်ထမ်း(၅)ဦး အင်အားစုစုပေါင်း ၉၆ ဦး တက်ရောက်ခဲ့ပါသည်။ဟောပြောပွဲတွင် သစ်တောဦးစီးဌာန၊ နေပြည်တော်၊ဥတ္တရသီရိမြို့နယ် ဦးစီးအရာရှိ ဦးဇော်သိန်းထွဋ် မှမီးခိုး မြူငွေ့ လျှော့ချရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။ဆက်လက်၍ဟောပြောပွဲအခမ်းအနား တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသားများထံ ကျောင်းသုံး ဗလာစာအုပ်နှင့် ဘောလ်ပင်များပေးဝေ ခြင်း၊ ကျောင်းစာကြည့်တိုက်အတွက် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ လစဉ်ထုတ်ဝေလျက်ရှိသည့် သစ်တောကြေးမုံစာအုပ်များအား အလယ်တန်းပြဆရာ ဦးရှိုင်းထက်အောင် ထံသို့ ပေးအပ် လှူဒါန်းခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။